Rec Comment OF M!иикy@иs^s Blog

ကလောင်လွတ်

နိုးတာနဲ့ ထတာ
ကွဲပြားမှုကို ငါမသိဘူး။
ဘုတ်နဲ့ ကျီးတောင်
ငှက်ဆိုတာလောက်ပဲ ငါသိတာ။
လိုချင်သူက “လု”
ယူလိုက်ပေးလိုက်လုပ်သူက “လူ”
ဆုံးရှုံးသူက “လူး”
မှန်သူတွေက “လင်း”
မှားသူတွေက “လိမ်”
သွေးထိုးသူတွေက “လေ” ဖြစ်မယ်ဆို
ငါကတော့ “လွတ်”
ဝါသနာပါရာ င့ါကလောင်မှာ
ငါ့အနုပညာတွေကိုပဲ မှင်ဖြည့်ပါရစေ...

20 Comments:

nyeinnyo said...

သူငယ်ချင်းရေ ကိုယ့်ကလောင်ကိုယ် မင်ဖြည့်လို့ ဒီထက်မကရေးနိုင်ပါစေကွာ။ အနုပညာထဲမှာပဲ အရာအားလုံး ပါရဲ့ဆိုတာကိုလဲ သိနိုင်ကြပါစေပေါ့ကွာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ :) :)

ChIr0N said...

ကဗျာလေး ကောင်းတယ် ညီလေးရေ။ အဓိပ္ပါယ်လဲ ရှိတယ်။ အားပေးတယ်ကွာ။ ဆက်ရေး

THS said...

ကျန်စစ်ရေ မိုက်တယ်ဟ ၊ ကလောင်လွတ်ပဲ နော်
မင်များများဖြည့်လို့ များများ ရေးထွက်နိုင်ပါစေ ။

lwansay said...

ဟိုက် ရှားလဘတ် ။ မိုက်တယ်ဟ ။
အစ်ကိုအကြီးဆုံးကြီး ။ ရေးမဲ့ ရေးတော့လည်း
အကောင်းစားတွေကြီးပါလား ။

Apprenticeship said...
This comment has been removed by the author.
ဗိုလ်ဟိန်း said...

သွေးထိုးသူတွေက “လေ”
ညီတော်က “လွတ်”
နောင်တော်က “လွမ်း”
:D

Apprenticeship said...
This comment has been removed by the author.
Apprenticeship said...

ယူလိုက်ပေးလိုက် “လူ”တွေကြောင့်
ငါကတော့ “လူးလိမ့်”
ဘာအငြိုးနဲ့ “လှောင်”ပိတ်ထားကြောင်း
သိစမ်းချင်ဘိ “လူ့”ဘောင်ရယ်

မင်းကြီးကို အားကျလို့စပ်ကြည့်ဒါ

နွေကဗျာ said...

ဝါသနာပါရာ ကျန်စစ်ကလောင်မှာ
ကျန်စစ်အနုပညာတွေကို
မှင်နဲ့ ကြိုက်သလောက် ဖြည့်နိုင်ပါစေနော်
အစဉ်အမြဲ အားပေးနေဦးမှာ

tu tu said...

ကြံဆစ်က “ကလောင်လွတ်”
ငါတို့က “ကလောင်လွှတ်”
ကောက်ကိုမကိုင်ဖြစ်တာ..ဟီး။

မင်အပြည့်နဲ့ ဆက်လက်ကလောင်သွေးလို့ ရေးနိုင်ပါစေ...။

ein said...

ဂွတ်၏...း) ၀ါသနာပါတဲ့ ကလောင်မှာ အနုညာကိုပဲ မှင်ဖြည့်တာ အဆီလျော်ဆုံးပဲပေါ့ ချာတယ်ရင်းလေးရာ...း)

တန်ခူး said...

အနုပညာတွေကိုမှင်ဖြည့်၊ ကဗျာတွေBlogနဲ့အပြည့်ရေးနိုင်ပါစေ

ပန်းခရေ said...

ငါကတော့ “လွတ်”
ဝါသနာပါရာ င့ါကလောင်မှာ
ငါ့အနုပညာတွေကိုပဲ မှင်ဖြည့်ပါရစေ...
အကြိုက်ဆုံးပဲ
စာကြောင်းတိုင်းမှာ အဓိပ္ပာယ်အပြည့်ပဲ
အဆင်ပြေပါစေ
မှင်ဖြည့်နိုင်ပါစေ“
သမီးနဲ့သားကို လက်ဆောင်လာပေးတာ
တစ်ခါတည်းယူလိုက်နော် (မေတ္တာတရား...)
း)
အဆင်ပြေပါစေ

မောင်မျိုး said...

အယ်......ကိုကြံရစ်ကြီး လည်း ဒေါသကြီးတာပဲ ဟီး ကြောင်တောင်ကြောက်လားပြီး ဒီလိုရေးထားတာ ဒီပို့ စ်တစ်ခု ပဲ ရှိမယ်ထင်တယ်...........
ကလောင်လွတ်ပဲ ကောင်းတယ်နော် ရေးချင်တာရေးမယ် ကျနော်လည်း သဘောကျတယ်း)

Anonymous said...

လွှတ်လိုက်လို့ လွတ်...တာလား.....။
လွတ်သွားလို့ လွှတ်လိုက်တာလား....။
လေးမ

စိုးထက် - Soe Htet ! said...

ကဗျာက လန်း တယ် :P

လွမ်းလုင် said...

ကဗျာလေးကတော့ ဂွတ်၏... ကောင်းတယ်ဗျာ..အဓိပ္ပါယ်ကို နားလည်လွယ်တဲ့ ကဗျာလေးကွ... မှင်တော့ပြည့်အောင်ဖြည့်ထားပေတော့ဗျို့.. ခင်ဗျားအလုပ်တွေအများကြီးရယ်...း)

HEARTMUSEUM said...

လိုချင်သူက “လု”
ယူလိုက်ပေးလိုက်လုပ်သူက “လူ”
ဆုံးရှုံးသူက “လူး”
အားလုံး "လူ" ဖြစ်ပါစေ။

ဒီဇင်ဘာနှင်း said...

ကဗျာလေးက ကောင်းတယ်ကွယ်

ရွှေပန်းလေး said...

ငါဒီပွဲမှာတော့ ကလောက်လွတ်ဖြစ်ချင်တယ် :(