Rec Comment OF M!иикy@иs^s Blog

Blogger Gathering (Moscow)

ဇူလိုင်လ (၁၆) ရက်နေ့ ၊ မော်စကိုမြို့ MSU ( Moscow State University ) ကျောင်း ကျောင်းသားဆောင်မှာ အမှတ်တရ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကြံပေး ဆွေးနွေးခဲ့ကြပြီး ၂၀၀၈ ၊ ဧပြီလ ၄ ရက် ( သင်္ကြန်အကျနေ့ ) က အကြမ်းဖျဉ်း ရည်ရွယ်ထားခဲ့တဲ့ ကျွန်တော် တို့ရဲ့ အမှတ်တရ Website တစ်ခုလုပ်မယ့် ကိစ္စကို အတည်ပြုခဲ့ကြပါတယ်။ Website မှာပါမယ့် ကဏ္ဍတွေမှာ တာဝန်ယူနိုင်ကြမယ့် အပိုင်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နောက်တစ်နေ့ ( ၁၇ ဇူလိုင် ၂၀၀၈ ရက်နေ့ ) ဟာ ၀ါဆိုလပြည့်နေ့ ဖြစ်တဲ့အားလျော်စွာ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုဟာ MSU ကျောင်း ဘုရားခန်းမှာ ဓမ္မစင်္ကြာ တရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခုလို နေ့ထူးနေ့မြတ်မှာ ကျွန်တော်တို့ ချစ်တဲ့ မြန်မာ ပြည်သူပြည်သားအပါင်း ကိုယ်၏ချမ်းသာခြင်း (သုခိနောဝ) စိတ်၏ ချမ်းသာခြင်း (ခေမိနောဝ) အပေါင်းနှင့် ပြည့်စုံပြီး ဘေးရန်အပေါင်းက ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်း တောင်း ခဲ့ကြပါတယ်။ နေ့လည်ခင်းမှာတော့ အမှတ်တရ ခရီးအဖြစ် ( Коломенский Парк) ပန်းခြံနဲ့ ဟိုချီမင်း ရင်ပြင်တို့ကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။

ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ တွေ့ဆုံပွဲကို နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ကျွန်တော်တို့ရဲ့ Blogger ညီ ၊ အစ်ကို ၊ မောင် ၊ နှမများအားလုံး သိရှိစေဖို့ ၀မ်းသာစရာ သတင်းကောင်း တစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ရဲ့ တွေ့ဆုံပွဲလို နိုင်ငံအသီး သီးမှာရှိကြတဲ့ Blogger ညီအစ်ကို ၊ မောင်နှမ များလည်း ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဆုံတွေ့နိုင်ကြပါစေလို့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုက ဆန္ဒပြုလိုက်ပါ တယ်ခင်ဗျာ။ Blogger များ အားလုံးနဲ့ Blog စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ …….

…. ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပူဇော်နေစဉ် ….

……. ဆွေးနွေးပွဲနှင့် အမှတ်တရ ခရီး …….


မှတ်ချက် ။ ။ အကြောင်းကြောင်းကြောင့် လူကိုယ်တိုင်မလာနိုင်ပဲ G-talk ၊ Phone များနဲ့ ဆွေးနွေးခဲ့ကြတဲ့ Blogger တစ်ချို့ကိုလည်း ဆွေးနွေးပွဲမှာ ပါဝင်သူအဖြစ် အားလုံးကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ smile

ကိုရင်ညိန်းတင့်ထူးရွှေနတ်သျှင်နောင်Black Dreamမောင်ကောင်းအောင် ၊ လွမ်းလုင် ၊ မျှားပြာရွှေရောင်ကောင်းကင်လင်းထွန်းလွမ်းသုခရတ်မွန်နေချိုအေးဝဿန်ဦး ၊ မောင်နိုင် ၊ မီးပြတိုက် ၊ ဇွတ်ဆိုးလေး ၊ 4Everထိပေ့သျှင် ၊ ကိုစွမ်းကိုအောင်ညိမ်းညို ဖြိုးငယ်အောင်ဦးနန်းထိုက်ဝင်းမင်းဝေတင်နွယ်မောင် သုခရိပ်မင်းကျန်စစ်အလွမ်းရောင်စောမဏ္ဍိုင်အညာသားလေးမောင်ငယ်မောင်သုညလွမ်းစေ (မြန်မာပြည်)

5 Comments:

Anonymous said...

ကြားရ သိရ တွေ့ရ မြင်ရတာ ၀မ်းသာစရာပဲရှင့်
website လေးကိုလည်း မျှော်လင့်အားပေးနေမယ်နော်
နေ့လည်ခင်းမှာ ပန်းခြံသွားပြီး ညကျတော့ ၀ိုင်းဖွဲ့ပြီး သောက်ကြသေးလားလို့ ဟိဟိ ရေ ရေ ရေ ကိုပြောတာနော်
မင်းကျန်စစ်တို့ ဘလော့ဂါ တစ်စုလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပြီး ချစ်စရာ websiteလေးကို အမြန်ဆုံး ဖန်တီးနိုင်ပါစေလို့

layma said...

အမယ်လေး.. မနာလို စရာကောင်းအောင် ပျော်စရာကြီးပါလားနော်..။ ဘာလို့  မော်စကို မှာ မြန်မာ ဘလော့ဂါတွေ ဒီလောက်များနေပါလိမ့်...။

Anonymous said...

မနာလိုဘူးး သူတို့ တွေပဲပျော်ကြတယ် ။ ဟုတ်တယ် အဲ့မှာဘာလို့  ဘလော့ဂါတွေများတာလဲမသိ ဒီမှာဆို ၂ ယောက်တည်းရယ် အားငယ်လိုက်တာ ဟီးဟီးး အုပ်စုတောင့်တယ်ဆိုပြီး အနိုင်မကျင့်နဲ့  ။

လင်းဦး(စိတ်ပညာ) said...

အွန်လိုင်းပြန်တက်နေတာ မသိလို့.... မြန်မာဝီကီမှာ မှတ်ပုံတင်ထားတာ နည်းနည်းတော့ ကြာပြီ။ ပိုစ့်တင်ဖို့ကို လေ့လာနေတုန်း။ အခုမှ စလေ့လာတုန်း။ ပြီးရင်တော့ တင်မှာပါ... :)... အားလုံးအဆင်ပြေပါစေ သူငယ်ချင်း။

မောင်ထုဆစ်သော "ပန်းလေး" said...

အဲဒီနေ့ကပေါ့ အဖျားကြီးနေတဲ့မောင့်ကို အချစ်ကြီးချစ်ပြခွင့်ရတဲ့ည... အမှတ်တရပေါ့။ ဖြူစင်ခဲ့ဖို့သင့်တယ်ဟာာာာ