Rec Comment OF M!иикy@иs^s Blog

စိတ်မကောင်းစွာနဲ့...

ဘဝက ဆိုးလိုက်ပုံများဗျာ။ ပြောကို မပြောချင်တော့ပါဘူး ရှက်လဲ ရှက်ပါရဲ့။ ခုလအတွက် အင်တာနက်ကို စားစရာနဲ့ လဲလိုက်ရတယ်ဗျာ။ နွေရာသီ ကျောင်းအားရက်မှာ အချိန်လေးပိုတုန်း ဘလော့ကို အားစိုက်လိုက်မယ်လို့ မှန်းထားတာ ခုတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ မိုက်မိတာလေ အရင်နှစ်တွေ လတွေက မစုမဆောင်းပဲ အမြဲ သုံးဖြုန်းနေခဲ့တာ ခုတော့ အင်တာနက်ကြေးလေးတောင် သွင်းစရာ မကျန်တော့လောက် အောင်ပဲဗျာ။ ချစ်တဲ့ သူငယ်ချင်းတွေနဲ့ ခေတ္တခွဲနေရတာ တကယ်ကို စိတ်မကောင်းဖြစ်နေပါတယ်။ သူငယ်ချင်းအားလုံးကို သတိရနေပါ့မယ်။ ဒီလကျော်လို့ အဆင်ပြေတဲ့ တစ်နေ့မှ ပြန်ဝင်လာခဲ့မယ်ဗျာ... cry

19 Comments:

သင်ကာ said...

ကိုယ့်လိုပဲ မိုက်တဲ့သူ ရှိသေးသကိုး။

ဟဲ..ဟဲ (ဗိုလ်အောင်ဒင်လေသံဖြင့်)

သင်ကာ

လေးမ said...

ဖြစ်မှ ဖြစ်ရလေ ကျန်စစ်ရယ်..။
ဘာလို့  စားသောက်လိုက်တာတုန်း...။ အင်းလေ.. စားစရာက ဗိုက်ပြည့်တာကိုး.. နော်...။
ကျန်စစ်ရေ .. နီးရင် ပိုက်ပိုက် ချေးချင်ပါတယ် ဟာ...။
သူငယ်ချင်းတွေ ဆီက နည်းနည်းလောက် သွားသုံးပါလား..။ တစ်နေ့  တစ်ယောက်ပေါ့..။

မောင်မျိုး said...

အယ်...သနားလိုက်တာ အာကိုရာ ညီ့ဆီမှာ လာယူ ချေးပေးမယ် အတိုးမယူပါဘူး ညီအစ်ကိုချင်းမို့  :) မလေးမပြောသလို တစ်နေ့ တစ်ယောက် ချေးကြည့်ပေါ့ အဆင်ပြေမှာပါဗျ ။

Anonymous said...

ဖစ်မှဖစ်ရပလေကွယ်
တလလေးများထမင်းမစားပဲနေလိုက်ပြီးရော
ဘာကြာတာလိုက်လို့:P
နီးရင်လည်းအတိုးမဲ့ချေးပါတယ်ဝေးတော့ယုံဘူး ပြန်မပေးရင်ဘယ်လိုလုပ်မလဲနော့:):):)


ဆုတောင်းပေးနေမယ်နော်
အိမ်ကမုန့်ဖိုးမြန်မြန်ပို့ပါစေ...

ဆင့်ဆင့်မိုး





mtj said...

ဟားဟား..ဖြစ်မှဖြစ်ရလေဗျာ :D

ပေဖူးလွှာ said...

ခေါင်းကို ဖြေးညှင်းစွာ ခါရမ်းလိုက်သည်။ (နတ်သျှင်နောင် လေသံဖြင့်)
မင်းကျန်စစ်ကြီးက ညာဘက်လက်နဲ့ အစားသောက်တွေ စွတ်ဝယ် (အဲလေး ညာဘက်လက်ဖြင့် ပေးကမ်း) တာကိုး။ ဖြစ်မှာပေါ့။ :S

အညာသား said...

ကဲ.... မှတ်ပလား ကျန်ရစ်...။
နောင်တော့်စကားကို နားမထောင်ဘူး။ :D

ဝဿန်ဦး said...

ပြောတုန်းကတော့ လည်လည်လာရင် အမှောက်ဆို... အခုတော့ လာရဲတော့ဘူးကွာ..

ငါ့ဆီ ပြန်လာခဲ့ အမှောက်ရိုက်မယ်.. အဲ.. အမှောက်တိုက်မယ်.. :P

Dream said...

ဟင့်ဟင့်... နိုရှင်ယာပီ...တနားရို့.. :'(
ကိုမင်းကျန်တဆစ်... အဲမှားလို့.. ကိုမင်းကျန်ရစ်..
အော...ယောင်ကုန်ပြီ..
ကိုမင်းကျန်စစ်... ဟီးဟီး...... ဖြစ်မှဖြစ်ရလေ... ဟင့်ဟင့် :'(

Dream said...

ဟင့်ဟင့်... နိုရှင်ယာပီ...တနားရို့.. :'(
ကိုမင်းကျန်တဆစ်... အဲမှားလို့.. ကိုမင်းကျန်ရစ်..
အော...ယောင်ကုန်ပြီ..
ကိုမင်းကျန်စစ်... ဟီးဟီး...... ဖြစ်မှဖြစ်ရလေ... ဟင့်ဟင့် :'(

ein said...

အင်းကွာ ဒီလ ၇ လပိုင်း မြန်မြန်ကုန်ပါစေလို့ :P အမလေးမပြောသလိုဆို ဂွတ်မယ်ထင်တယ်ကွ :)

ကလိုစေးထူး said...

ဖြစ်ရလေ ကိုကျန်စစ်ရယ်…၊ အင်တာနက်ဖိုးတောင် မကျန်လောက်အောင် ကျပ်တည်းသွားရတယ်လား။ :D

ကိုရင်ညိန်း said...

နယ်သားကြီး Blogger ဆိုတာ တိုင်းပြည်ရေး နဲ့ ၀မ်းရေးထက် New Post အရေးခက်ရမည်ကွ ။ မင်း နော် အဟေးဟေး။ ကျုပ်ကတော့ ခွင့်မလ့တ်ဘူး

လင်းထက် said...

ဒါကြောင့်ပျောက်နေတာကိုး အနော်ရထာ ဆီက ပိုက်ဆံ မြန်မြန် ရပြီး အင်တာနက် ပေါ် ပြန်တက် နိုင်ပါစေ..။

ရွှေပြည်သူ said...

ဖြစ်ရမယ်း) အမြန်ဆုံး အဆင်ပြေပြီး ပို့စ်တွေအများကြီး အမြန်ဆုံး ပြန်ရေးနိုင်ပါစေ မောင်လေးကျန်စစ်ရေ။

ကိုရင်နော်ခင်လေးငယ် said...

ဖြစ်ရလေ ကကျန်စစ်ရယ်..
ကျုပ်လိုများ ပုံအောလိုက်တာ လိုက်တာလားဗျာ..
မထူးဘူး Off Line ကြီးဖက်ပြီး ရေးချင်သာတာရေးပေတော့ဗျို့.. :P

ကိုရင်နော်

နွေကဗျာ said...

ကဲကဲ စိတ်မကောင်းစွာနဲ့.. မလုပ်နဲ့တော့
ပိုစ့်အသစ် အမြန်တင်တော့နော်.
အားလုံးသယ်ရင်းတွေ စောင့်နေကြပြီ
အဆင်ပြေရင် အမြန်ဆုံးသာ လှမ်းလာခဲ့ပါ.
ကြိုဆိုသူတွေ ထာဝရ မင်းအနားမှာ ရှိနေတယ်ဆိုတာ...
မင်းကျန်စစ်ရေ... အရေးအသားလေးတွေ
မျှော်နေပြီကွာ...
အမြန်ဆုံး အဆင်ပြေပါစေ...

ဒီဇင်ဘာနှင်း said...

အော် ဒါရိုက်တာကြီးရယ် ဖြစ်မှဖြစ်ရလေကွယ်

Anonymous said...

carrying it on ko minkyansit...

:D