အရင်ဘလော့ရဲ့ ပို့စ်အဟောင်းလေးပါ။ စာမေးပွဲဖြေပြီးကာစမို့ ရေးလဲရေးချင် ၊ နားလည်းနားချင်မို့ အရင်ပို့စ် ပြန်တင်ပေးထားပါတယ်။ မဖတ်ရသေးသူများ သိစေဖို့ပါ။ ရုပ်ရှင်တစ်ကား ကြည့်ဖြစ်တယ်။ ပုဂံခေတ်မှာ ဘာသာရေး အယူဝါဒလွဲမှားမှုတွေအကြောင်း ရိုက်ပြထားတဲ့ အရိမဒ္ဒနပူရ၏ မဟာအောင်ပွဲ ဖြစ်ပါတယ်။ ပြင်ဦးလွင်ရဲ့ ချယ်ရီရုပ်ရှင်ရုံမှာ ကြည့်ထားပြီး ဖြစ်ပေမယ့် ကြိုက်လွန်းလို့ နက်မှာပြန်ကြည့်ဖြစ်ပါတယ်။ ဇတ်လမ်းရဲ့အဓိက အကြောင်းရင်းဖြစ်တဲ့ ဘာသာရေးအယူလွဲမှားမှုထဲမှာ ကိုးကွယ်ရာဘာသာမဲ့နေတဲ့ ပုဂံသူပုဂံသားတွေအပေါ် အရီးကြီးရဟန်းများရဲ့ အယူလွဲများ သိမ်းသွင်းခြင်းအကြောင်း သိသာအောင်ပြထားပါတယ်။ လက်ထပ်ခါနီး သတို့သမီးလောင်းဟာ သူ့ရဲ့ အပျိုစင်ဘ၀ကို အရီးကြီးတွေကို ပေးရတယ်တဲ့လေ။ သရုပ်ဆောင်တွေကလည်း ကောင်းပါတယ်။ သူငယ်ချင်းတွေနဲ့ အတူကြည့်နေတာမို့ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတွေကိုကြည့်ပြီး ရီနေကြပါတယ်။ သူငယ်ချင်းတွေနဲ့မို့သာ ရယ်စရာဖြစ်သွားပေမယ့် သမိုင်းမှာတော့ ရီစရာအဖြစ်တွေ မဟုတ်ခဲ့ပါဘူး။ ကိုယ်ယူမယ့် ကိုယ်ချစ်သူ သတို့သမီးလောင်းရဲ့ အပျိုစင်ဘ၀ကို ချွေယုမယ်ဆိုတာသိရက်နဲ့ အရီးကြီးတွေဆီကို ကိုယ်တိုင်လိုက်ပို့ရတဲ့ သတို့သားလောင်းရဲ့ ရင်ထဲကို မြင်ကြည့်မိပါတယ် သူ့ရင်ထဲမှာ ဘယ်လောက်ပူ လောင်နေမလဲလို့။ လက်ထပ်ပွဲမှာ ကိုယ့်ချစ်သူအပေါ်ကို ပေးဆပ်ခွင့်မရတာကြောင့် နှမျောစိတ် ရှက်ရွံ့စိတ်တို့ဖြစ်နေတဲ့ သတို့သမီးနဲ့ အဲဒီသတို့သမီးအပေါ် အားပေး နားလည်မှုနဲ့ အချစ်မပျက်တမ်း လက်တွဲအားပေးထားတဲ့ သတို့သားတို့အကြောင်း ရိုက်ချက်တွေက ရင်ကိုတကယ် ထိစေပါတယ်။ ကျွန်တော်ဆိုရင်ရော ဘယ်လောက်ခံစားရ မလဲ စဉ်းစားကြည့်မိတယ်။ အချစ်စိတ်နဲ့ အားလုံးကို နားလည်ခွင့်လွှတ်ပေးနိုင်ပေမယ့် စိတ်မ ကောင်းစရာလေး အဖြစ်နဲ့ ကျန်နေကြရမှာကိုတော့ မလိုလားမိဘူး။ ချစ်ကြသူတွေတိုင်း ၊ မြန်မာလူမျိုးတိုင်းမှာ နောက်ထပ်ဒီလို ခံစားချက်မျိုးတွေမကြုံပါစေနဲ့ မခံစားကြရပါ စေနဲ့လို့ ဆုတောင်းလိုက်ပါတယ်...
-
1 Comment:
ဟုတ်တယ်.. အဲဒီရုပ်ရှင်ကြည့်တုန်းကလဲ အဲဒီလိုပဲ ခံစားမိတယ်.. အတူတူပဲ
Post a Comment