Rec Comment OF M!иикy@иs^s Blog

တကိုယ်တည်းပေမယ့်

Idiom စာအုပ်တစ်အုပ်ဖတ်ရင်းနဲ့ သတိထားမိတာလေးတွေ ရေးပါအုံးမယ်။ ကျွန်တော့်လို တစ်ဦးတည်းသော သားသမီးများအတွက်နဲ့ တစ်ယောက်တည်း နေနေရသူများအတွက် ရည်ညွှန်းပါတယ်။ alone ဆိုတဲ့ စကားလုံးနဲ့ lonely ဆိုတဲ့ စကားနှစ်လုံးကို စဉ်းစားကြပါစို့။ I am alone, but i am not lonely. လို့ပြောတာ ကြားဖူးတယ်။ အဓိပ္ပါယ်က "တကိုယ်တည်း ဖြစ်နေပေမယ့် အဖော်မရှိ အထီးကျန်တဲ့ ခံစားမှုမရှိဘူး" လို့ ဆိုလိုပါတယ်။

တကိုယ်တည်း ဖြစ်နေလို့ အဖော်ကိုရှာနေတာ ၊ ငါ့မှာ အဖော်မရှိပါလားလို့ တွေးနေတာဟာ I am lonely ပါ။ တကိုယ်တည်းဖြစ်ပေမယ့် အဖော်မရှာရင် ၊ အဖော်ကိုတောင့်တတဲ့ ခံစားမှုမရှိရင် lonely မဖြစ်ပါဘူး။ ကိုယ်အင်မတန် စိတ်ဝင်စားတဲ့အလုပ်ကို တကိုယ်တည်း စိတ်ပါလက်ပါ လုပ်နေတဲ့ သူဟာလည်း တကိုယ်တည်းပေမယ့် အဖော်ကို ရှာနေတာ မဟုတ်လို့ အဖော်မဲ့နေတဲ့ ခံစားမှုမရှိနေလို့ lonely ဖြစ်မနေပါဘူး။

If being alone is seen as a chance to accomplish goals that cannot be reached in the company of others, then instead of feeling lonely, a person will enjoy solitude and might be able to learn new skills in the process.
အများနဲ့နေတဲ့အချိန်မှာ လုပ်လို့မဖြစ်တဲ့အလုပ်ကို တစ်ကိုယ်တည်းဖြစ်နေချိန်မှာမှ ပြီးမြောက်အောင် လုပ်နိုင်တဲ့ အခွင့်အရေးရှိတယ်လို့ မြင်နိုင်ရင် ၊ အဖော်မဲ့နေလို့ ပြင်းနေတာ အားငယ်နေတာ (feeling lonely) မဖြစ်တော့ပဲ ၊ တကိုယ်တည်း ဖြစ်နေတာကို နှစ်သက်ကျေနပ်ပြီး တကိုယ်တည်းလုပ်မှ လုပ်လို့ ဖြစ်နိုင်တဲ့ အလုပ်နဲ့ပတ်သက်ပြီး အရည်အချင်းသစ်တွေပါ ရလာနိုင်ပါတယ်။ ဖတ်ရင်းလည်သွားရင် နားလည်အောင် ပြန်ဖတ်ကြည့်ပေးပါ။ အတတ်နိုင်ဆုံး နားရှင်းအောင် ရေးထားပါတယ်။

Unless a person learns to enjoy solitude, much of life will be spent desperately trying to avoid its ill effect.
လူတစ်ယောက်ဟာ တစ်ကိုယ်တည်း နေရတာကို နှစ်သက်အောင် လေ့ကျင့်မထားရင် သူ့ဘဝဟာ တကိုယ်တည်း ဖြစ်နေလို့ ခံရခက်တဲ့ ဆိုးကျိုးတွေကို ရှောင်နိုင်ဖို့ ကြိုးစားရင်း အချိန်တော်တော် ကုန်သွားလိမ့်မယ်။ အဖော်မရှိနိုင်သေးခင်မှာ တောင့်တမနေပဲ ကိုယ်တန် ဖိုးထားတာ ၊ စိတ်ဝင်စားတာကိုလုပ်ပြီး စိတ်ချမ်းသာအောင် နေတတ်ဖို့လိုတယ်။ လေ့ကျင့်ထားပြီးသား လူတစ်ယောက်ဟာ ကိုယ့်အနားမှာ ဘယ်သူမှ မရှိတဲ့အချိန်မှာ အဖော်မရှိတာကိုလဲ ကောင်းတဲ့ အခြေအနေတစ်ရပ်အဖြစ် ခံစားလာမိမှာပါ။

ကျွန်တော့်ရဲ့ သူငယ်ချင်းတွေလဲ စိတ်နှလုံးမှာ ထားတတ်ရင် တစ်ကိုယ်တည်းဖြစ်နေပေမယ့် အထီးကျန် ခံစားမှုမဖြစ်တော့အောင် ဒီအကြောင်းရေးလိုက်ပါတယ်ဗျာ။

4 Comments:

su wai said...

ကိုမင်းကျန်စစ်ရေ...I live alone, but I'm not lonely ဆိုတာ ဆုဝေ လက်ကိုင်ထားတဲ့ စကားလေးပါပဲ...ဆုဝေက တစ်ဦးတည်းသောသမီးဆိုတော့ lonely ဖြစ်တယ်လို့ ခံစားရတိုင်း ဒီစကားလေးကို ခဏခဏ ပြန်တွေးပါတယ်...ကိုယ်ဝါသနာပါတာလေးတွေ လုပ်ပြီး အထီးကျန်တဲ့ ခံစားမှုကို ဖြေဖျောက်လိုက်ပါတယ်...

KPZ said...

Only One, But Lion ပေါ့ ဟုတ်လား

လင်းဦး(စိတ်ပညာ) said...

မှန်တယ် သူငယ်ချင်း...စိတ်ဝင်စားတဲ့အလုပ်...၀ါသနာပါတဲ့ အလုပ် လုပ်နေရသူအဖို့ အထီးကျန်တယ်ဆိုတာ မရှိနိုင်ပါဘူး

မောင်ထုဆစ်သော "ပန်းလေး" said...

အခုတော့ အထီးကျန်စရာ မလိုတော့ဘူးပေါ့နော်... ကွန်ကြီးရှိနေတော့ ဖိုးဆိတ်ဖြူလေး အိပ်ချိန်စားချိန်တွေတောင် မှားလို့ :D :P