ဝူး… ဖတ်ဖတ်ကို မောလို့ပဲဗျာ။ စာမေးပွဲဆိုတာကြီးပေါ့- နို့ပြတ်ပြီး လမ်းစလျှောက်တတ်လို့ ကျောင်းသွားရကတည်းက ရင်းနှီးခဲ့လိုက်ရတာ ခုထိကို အခင်အမင် မပြတ်နိုင်သေးဘူး။ ကျွန်တော့်ကို အရမ်း ခင်နေလေရဲ့။ သူများတွေ Christmas လုပ်နေချိန်မှာ စာအုပ်ထဲ ခေါင်းအတင်း မြုတ်ထားရတယ်။ စိတ်ကတော့ သူငယ်ချင်းတွေနဲ့ အရမ်းတွေ့ချင်တာဗျာ။ ကျနော် ရောက်နေတဲ့ နေရာက Christmas ကို ၁လပိုင်း ၇ ရက်မှ လုပ်တာလေ။ ကျနော်က ဘယ်လိုမှ ခံစားလို့ မရဘူး။ ရောမရောက်ပေမယ့် ရောမလို မကျင့်နိုင်သေးဘူးဗျာ။ သူငယ်ချင်းတွေနဲ့ အတူ ငယ်ငယ်ကအတိုင်း ၂၅ ရက်မှာကိုပဲ ပျော်ချင်တာ။ သူငယ်ချင်းတွေရဲ့ လည်ပတ်ထားကြောင်းရေးတာတွေကို လတ်လတ်ဆတ်ဆတ်ကြီး ဖတ်ချင်ခဲ့တာ။ ခုတော့ မနက်က စာမေးပွဲပြီးတော့မှပဲ ဈေးပေါင်ကျိုးလေးတွေ လိုက်ဖတ် ဖြစ်တော့တယ်လေ :P ။ ဒါပေမယ့် New Year လေး မှီသေးတာ တော်သေးတယ်လို့ပဲ ပြောရမှာပဲ။ နှစ်ဟောင်းမှာ ကျနော် မရတဲ့ စာအဟောင်းတွေကို ပြန်မကျက်တော့ပဲ ဒီနှစ်အတန်းမှာ အတင်းထားခဲ့တော့မယ်ဗျာ :D လခထုတ်ပြီးပေမယ့် အကြွေးဆပ်ရလို့ အိတ်ကပ်မှာ ပိုက်ဆံမကျန်တော့တဲ့ လတွေကိုလည်း ၂၀၀၇ မှာ ထားခဲ့တော့မယ်။ သူငယ်ချင်းတွေ ညီလေးတွေနဲ့ နှစ်သစ်ကို ကြိုဖို့တောင် ညှိပြီးပြီ အဟဲ။ 31 ညမှာ count down လုပ်ကြမယ် ဘုရားမကြိုက်ပေမယ့် နတ်ကြိုက်တာလေးတွေ လုပ်ကြမယ်ပေါ့ ဟတ်ဟတ်။ ငယ်ငယ်ကပေါ့ ၃၁ ရက် ညတညလုံး သူငယ်ချင်းတွေနဲ့ ဆိုင်ကယ်တွေနဲ့ မြို့တမြို့လုံးလိုက်ပတ် ဂစ်တာတွေတီးပြီး ၁၂ နာရီ ထိုးခါနီးတာနဲ့ စုရပ်ကတော့ မြို့လယ် နာရီစင်ကြီးလေ။ ၁၁၄၅ လောက်ဆို နာရီစင်နားမှာ လူတော်တော် စုံနေပြီ။ ၁၂နာရီ ထိုးခါနီးတော့ အားလုံစုပြီး count down လုပ်ခဲ့ကြတာကို အရမ်း အမှတ်ရတယ်ဗျာ။ အတိတ်ကို တမ်းတတဲ့စိတ်နဲ့ မှတ်မှတ်ရရလေး လိုက်ရှာထားတဲ့ နာရီစင်ကြီးကို တင်ပေးလိုက်တယ်ဗျာ။
-
3 Comments:
လေးမတော့ ၂၀၀၇ ကို ထားခဲ့ရမှာ နှမြောတယ်...။
ဒါပေမယ့် ထားခဲ့ရတော့မယ်...။
စိန်ခေါ်မှုအသစ်တွေနဲ့ စောင့်နေတဲ့ ၂၀၀၈ ကို ကြိုဆိုရတော့မယ်...။
သူငယ်ချင်းတွေ ညီလေးတွေနဲ့ ၂၀၀၈ ကို ကြိုဆိုတဲ့ ဓါတ်ပုံတွေ တင်ပေးဦးနော်...။ အဲဒီလို လူငယ်ဘ၀တွေ ပျောက်ဆုံးသွားပြီဖြစ်တဲ့ လေးမ ....လူငယ်တွေရဲ့ အပျော်တွေ နည်းနည်းလောက်မျှဝေချင်လို့ပါ....။
Happy New Year !!!
ကိုမင်းကျန်စစ်အတွက် အစစအရာရာအောင်မြင်မူတွေပေးတဲ့ ၂၀၀၈ ဖြစ်ပါစေ
စာအဟောင်းတွေ မကျက်ချင် တိုင်း နှစ်သစ်နဲ့ရော ပြီး ဇွတ်အတင်း ကို ထားခဲ့ တော့ တာ ပဲနော်..အပျင်းလေး.:P နှစ်သစ်လေး ကို ..အကောင်းဆုံးပျော်ရွှင် မှုတွေနဲ့ ကြိုဆို ကြမယ်နော်...ကျွန်မကတော့ နှစ်သစ်လေး ကို.အဝေးက ချစ်သူဖုန်းဆက် မှာလေး ကို စောင့်နေချင် မိတယ်
မိုးနတ်မင်းကြီးကို တိုင်တည်ပြီး ဆုတောင်းလိုက်ချင်မိတာ က ...အဲဒီနေ့လေးမှာ တွေးထားတာလေး အဆင်ပြေပါစေလို့ပေါ့....တကယ်လို့ အဆင်မပြေခဲ့ ရင်လဲ.နှစ်သစ်လေး ကို.စိတ်မဆိုးပဲ .ပျော်ရွှင်စွာ ကြိုဆိုချင်တဲ့ အကြောင်းလေးကို..ဒီဘလော့မှ တဆင့် ချစ်ဆုံးသူ သိနိုင်ပါစေ ..နော်....
ထာဝရ..ပျော်ရွှင်ပါစေ မင်းကျန်စစ်ရေ..
Post a Comment