Rec Comment OF M!иикy@иs^s Blog

ဪ် အမေ အမေ

သားကို မမွေးပေမယ့် ခုချိန်ထိ လူလားမြောက်အောင် ကျွေးလဲကျွေး တိုက်လဲတိုက်ခဲ့တဲ့ အမေစိန်ရေ ... ခုဆိုရင် အသက် ၂၃ နှစ်တောင် ပြည့်ခဲ့ပြီနော် :P သားလေ... အမေ့မွေးနေ့ကို နိုးနိုးချင်း ဆုတောင်းပေးခဲ့ပေမယ့် အမေ့အတွက်တော့ သားရဲ့ ဆုတောင်းသံက အရင်ဆုံး မဖြစ်ခဲ့ရတဲ့အတွက်တော့ ချိတ်မတောင်းဘူး။ ဒါပေမယ့် သူများနဲ့ မတူတဲ့ မွေးနေ့လက်ဆောင်ပေးပြီး ဆုတောင်းပေးခဲ့တဲ့အတွက်တော့ ကျေနပ်ပါတယ်လို့ ပြောလို့ သားစိတ်တွေ လျှော့နိုင်ခဲ့တာ အမေ။ သားကို အလိုလိုက်ပြီး ကျွေးမွေးပြုစုခဲ့တာတွေအတွက်လဲ ကြည်နူးမိတယ် အမေ။ ချွေးမလေးကိုလဲ သားနဲ့မခြား အချစ်တွေ ပေးနိုင်တဲ့အတွက် အမေ့ကို ကျေးဇူးတင်နေမြဲပါ။ သားမျှော်လင့်တာတွေ နောင်တချိန်မှာ တကယ်ရှိလာရင်လေ အမေ့ရင်ခွင်ထဲမှာ ကလေးလေးတစ်ယောက်လိုပဲ သားဆိုးနွဲ့ချင်သေးတယ် အမေရယ်... ခွီး

ရေးရင်နဲ့ စိတ်မထိမ်းနိုင်ယုံမကပဲ ဖွားဘက်တော်ကိုပါ မထိမ်းနိုင်လို့ ရေအိမ်ကို အတင်းပြေးလိုက်ရသေးတယ်။ အပေါ်မှာ နောက်ထားတာတွေကို မျက်စိလည်မနေနဲ့အုံးနော်။ ကျွန်တော့် သူငယ်ချင်း ပန်းခရေ ( တဖြစ်လဲ စိန်မမ ) ရဲ့ မွေးနေ့ပွဲ အမှတ်တရ ပျော်ရွှင်စရာလေး ရေးလိုက်တာပါ။ သူငယ်ချင်းရေ အသက် ၂၃ ပြည့်ပြီဆိုတော့ အပျိုလတ် စာရင်းဝင်နေပြီနော်။ အပျိုကြီး စာရင်းမဝင်ခင် မတိမ်းမစောင်း ဗိမ်းမောင်းလေး လုပ်တော့ဟ။ ဒီနေ့ နင့်မွေးနေ့မှာ ပါဝင်ခွင့်ရတဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်ရလို့ အရမ်းပျော်တယ်ဟာ။ နင်ပျော်နေတာတွေကိုလဲ ငါခံစားနားလည်ခဲ့ရတယ်။ နောင်နှစ်တိုင်းမှာလဲ အမြဲပျော်ရွှင်နိုငဖို့ ဆုတောင်းနေမြဲပါဟာ။ ဒီနှစ်အတွက် ဆုတောင်းကတော့
(၁) အလုပ်မလုပ်ပဲ ချမ်းသာပါစေ
(၂) ထီမထိုးပဲ ပေါက်မယ့်ထီလက်မှတ် ကောက်ရပါစေ
(၃) နောင်ဘဝမှာ လူပျိုတိုင်းကြိုက်တဲ့ ဘီယာဖြစ်ပါစေ
(၄) အသက်ဘယ်လောက်ကြီးကြီး စိတ်အို ကိုယ်နုလေး ဖြစ်ပါစေ
(၅) အလိမ္မာလေးနောက်ကို အိမ်ပါနိုင်ပါစေ
(၆) အမြန်ဆုံး သားသမီးလေးတွေ မေတ္တာအပြည့်နဲ့ စောင့်ရှောက်နိုင်တဲ့ မိခင်ဖြစ်ပါစေ ကွယ်...(အရင် ရေးခဲ့တဲ့ ပို့စ်ကို ကြည့်ရင် ကလေးတွေ အပေါ်ထားတတ်တဲ့ မိခင်စိတ်ကို ငါနားလည်လို့ ကြေညာပေးတာနော် ခွိခွိ )
ဒီထက်အများကြီးဆုတောင်းပေးချင်သေးတာ တော်ကြာ လာထုနေမှာ စိုးလို့ ဒီလောက်နဲ့ ရပ်လိုက်တော့မယ်။......သူငယ်ချင်းတို့ရေ ဆွဲပလိုက်ဗျာ။ အားရပါးရ။ ( ကိတ်မုန့်အား ရည်ညွှန်းပါသည်။ မွေးနေ့ရှင် မျက်ခုံးလှုပ်မှာ စိုးလို့ ) သူ့အတွက်လဲ ကျွန်တော့်ဆီမှာ ဖြစ်ဖြစ် သူ့ဆီမှာ ဖြစ်ဖြစ် ဆုတောင်းပေးကြပါအုံး။ ပျော်ရွှင်သော မွေးနေ့မင်္ဂလာပါ သူငယ်ချင်းရေ....

7 Comments:

Winkabar said...

ဒီမှာလည်း ထပ်ဆုတောင်းပေးသွားပါတယ်အစ်မရေ။
ကိုမင်းကျန်စစ်ပေးထားတဲ့ ဆုတွေနဲ့အားလုံးပြည့်ပါစေနော်။ Happy Birthday ပါ အစ်မရေ။

သဇင်ဏီ said...

ဘယ်ရမလဲကွ.. စတော်ဗယ်ရီသီးတွေအကုန် ကောက်စားသွားပီ.. :D
မွေးနေ့ရှင်ဆီမှာတော့ဆုတောင်းပေးပြီးသားပါရှင်

Anonymous said...

အမေ ရေ..မွေးနေ့မှာ ပျော်ရွှင်ပါစေနော်..ကိတ်မုန့်တွေ စားသွားတယ်သိလား..

မွန် said...

မွေးနေ့ပွဲ လာသွားပါတယ်
အမေစိန်ကျန်းမာပါစေ
သားလေးက သိတတ်တယ်နော်
အမေစိန် အိုဇာတာကောင်းတယ်

lwansay said...

စားပစ်လိုက်တယ် အားရပါးရ။ ပျော်ရွှင်ပါစေဗျာ။

Anonymous said...

ဟေ့ စိန်ကြီး.....
မွေးနေ့ပွဲကားစည်ကားလိုက်တာ...
ပျော်စရာကြီး..ဟိ
သားကအမေစိန်ကို..အတော်ချစ်တာပဲနော်...
အမေစိန်ကံကောင်းတာပေါ့...
ဟိ
ဆုတောင်းပေးရအုံးမလား...
ချစ်တဲ့သူနဲ့...ပျော်ရွှင်စွာချစ်နိုင်ပါစေ...

Sophie said...

Happy birthday ပါ မမရေ...

အစ်ကိုရေ...အားရပါးရ ဆွဲလိုက်တယ်နော်...ကိတ်မုန့်ကို....:)