Rec Comment OF M!иикy@иs^s Blog

သူ...

ဘဝထဲကို သူရောက်လာတော့
ပိန်ပိန်ပါးပါး အရိုးကားနဲ့
ခန္ဓာပြားပြားလေးပါ။
အထင်တော့ မသေးလိုက်နဲ့
လူမှုရေးမှာ လက်မနှေးဘူး။
သာရေးမှာလဲ ဝိုင်းကူပေးတယ်
နာရေးမလဲ မခိုကပ်ဘူး
နွေဆိုရင်လဲ ရောက်အောင်လာမယ်။
မိုးစက်တို့ ဒဏ်
နှင်းရိုက်တဲ့ ဒဏ်တွေကြောင့်
ပင်ကိုယ်ရောင်တွေ လွင့်လာတော့
မီးဖိုချောင်က မီးတောက်လေးရဲဖို့
သူ့ကို သုံးကြသေးတယ်။
သူ့ မသန်စွမ်းတော့ရင်တော့
မီးတောက်လေးရဲဖို့
သူ့ခန္ဓာတွေ စတေးရတယ်။
အေးမြခြင်းတလှည့်
ပူခြင်းတဖုံ ပေးစွမ်းတဲ့
သူ့နာမည် “ယပ်တောင်” တဲ့...

7 Comments:

Anonymous said...

ယပ်တောင် တစ်ချောင်းဖြစ်ရတာ အတော် ကုသိုလ်ရတယ်..။နော်..။

Anonymous said...

ယပ်တောင် လေး ခဏ ငှားပါ ကွာ..နွေ ဆိုတဲ့ အတိုင်း နွေ လို ပူပြင်းလွန်းလို့ ..

Anonymous said...

သူ = ယပ်တောင်...:P
ကောင်းပါ၏...

Anonymous said...

Idea လေးကောင်းတယ်ဗျာ။

Yan said...

မြင်တတ်၊တွေးတတ်၊ရေးတတ်ပါပေ့ ကိုမင်းကျန်ရေ...

pandora said...

အတွေးကလေးက တယ်ကောင်းပါလား မင်းကျန်စစ်ရေ
သဘောကျသွားတယ်

မြန်မာပြည်ကိုလွမ်းတယ် said...

ကဗျာလေးကကောင်းလိုက်တာ။ယပ်တောင်
လေးကိုဂရုဏာဖြစ်သွားမိတယ်ကိုမင်းကျန်စစ်
ရေ..