Rec Comment OF M!иикy@иs^s Blog

ချီးယားစ်နဲ့ ရေစစ်

နောင်တော်
ရေစစ်ယူခဲ့ကွာ…
ဆုံတွေ့မှုအတွက် ချီးယားစ်ကြရအောင်။

တို့ချီးယားစ်နဲ့ ရေစစ်
နာဂစ်ဝင်မွှေသလို တစစီကွဲ
အလွဲလွဲမို့ အတွဲခက်လှချည့် ညီတော်ရ။

တို့သောက်မယ့် ဒီဘရန်းမှာ
အရသာအပြင် စကားလုံးတွေပါ
ပါသေးတယ် နောင်တော်ရ
ဒါ့ကြောင့် ဘရန်းထဲက
ကသန်းကရမ်းစကားတွေပါ မသောက်မိအောင်
ဒီရေစစ်နဲ့ စစ်ချလိုက်မယ်..
တော်ရာမှာသာကျန်ခဲ့ရအောင်ပေါ့ကွာ။

နားလည်မှုချင်း ပေါင်းကူးထားတဲ့
ရင်ဘတ်နှစ်ခုထဲကို စကားလုံးတွေ မစစ်ထားတဲ့
ဘရန်းတွေ ဝင်ခဲ့ရင်တောင်
ကသန်းကရမ်းစကားတွေအစား
ဆက်လျှောက်မယ့်မှတ်တိုင်တွေဆီ
ညီရင်းအကိုတွေလို ပေးဆပ်နားလည်ခြင်းတွေနဲ့
မေတ္တာမယိုင်ပဲ တွဲလက်မြဲစွာတည်နေမယ့်
သစ္စာစကားတွေက နေရာယူကြမှာပါ ညီတော်ရေ..။ ။

ကဲ ! ချီးယားစ်...

ကျန်စစ်နှင့် အညာသား ချီးယားစ်မလုပ်ခင် ရေးဖွဲ့သည်။ razz

13 Comments:

Apprenticeship said...

Cheer ka nya ting so dote hket ya chi yae naw.. :P

မောင်မျိုး said...

နေ့ တိုင်း ချီးယားစ်နေမှာ သိသားပဲဗျာ အခုမှ ပုံပြောနေတယ် မယုံဘူး :)

pankhayay said...

ချီးယားစ်စ်စ်စ်..............နာလည်းရေစစ်စစ်မယ်ကွာ..
ရဘူး ငါ့သားနဲ့ ငါ့သူငယ်ချင်းအတွက်..ချီးယားစ်စ်စ်...........
ပျော်ရွှင်ပါစေကွာ...၂ယောက်လုံးပျော်ရွှင်ငြိမ်းချမ်းပါစေ..
အဆင်ပြေကြပါစေ
သားရေ..အမေတော့ ပြေသလိုလိုမပြေသလိုလိုပဲ..
း)

ein said...

ဘရန်းထဲက ကသမ်းကရမ်းစကားတွေအကုန်သာစစ်ချလိုက်တော့ ဂွတ်တာပေါ့ကွာ...ဒါနဲ့ ဘယ်ရေစစ်လဲကွ အတိလို့ပြောဦး မေတ္တာမယိုင် သစ္စာခိုင်...:P

ကြယ်စင်နတ်သမီး said...

ချီးယားစ်လာလုပ်တာ ကြံဖတ်ကို... ဘာတံဆိပ်နဲ့လဲကွ..

ကိုရင်နော်ခင်လေးငယ် said...

သြော်....ချီးယားစ်..............
ချီးယားစ်စ်စ်စ်..............နိုင်လွန်းပ...
တော်တော် ဟုတ်နေကြတယ်ပေါ့လေ..
(ခင်လေးငယ်)

သဇင်ဏီ said...

ရေးလဲရေးတတ်ပါပေ့ =)

Heartmuseum said...

ငါတို့လဲ ခေါ်ဦးဟ

Yan said...

Wow! ... ကျွန်တော်လည်း ၀င်ပြီး ချီးတွေယားစ်သွားတယ်ဗျာ.

အဲ. ဘွာတေး... ချီးယားစ်သွားတယ်.

မြန်မာစကားက ခွဲပြောရင် ရှုပ်ကုန်တယ်ဗျ. ဆောရီး. ဟတ်ဟတ်ဟတ်

အားကျတယ်ဗျာ...

THS said...

အသာလုပ်ကြပါဟ :P

layma said...

စစ်လဲစစ် ..
ယားလည်းယား..
ဒါပေမယ့် မူးရင် ဘလော့မလည်နဲ့ ...။

ကလိုစေးထူး said...

ရေစစ်ပေါ်မှာ တင်ကျန်နေခဲ့တာနဲ့၊ အောက်ကို ယိုစီးကျသွားတာနဲ့ ဘယ်ဟာက ပိုကောင်းမလဲ။

နွေကဗျာ said...

သယ်ရင်းတွေ နောင်အနှစ်နှစ်ထိ
သစ္စာမပျက် တွဲလက်မြဲနိုင်ကြပါစေ
အိမ်ထောင်တွေ ကိုယ်စီပြုပြီးသည်အထိ
အိမ်က ဇနီး ပွစိပွစိ လုပ်သော်လည်း
ချီးယားစ် နိုင်ကြပါစေလို့..အဟက်
ပြော..ပြောချင်ဘူး...:P