Rec Comment OF M!иикy@иs^s Blog

သူမနဲ့ အဟောင်းများ

ချစ်သူ !
ခေတ်ရေစီးအလိုက် ဖို့ရို့ဖားယားဝတ်တတ်တဲ့ငါ့ကို
မျက်လုံးအဟောင်းကြီးနဲ့ကြည့်ပြီး
လမ်းသရဲလို့ မတင်စားလိုက်ပါနဲ့
ရက်ပ်ပါတိုင်း ဒီလိုဝတ်တတ်ကြတယ်လေ။

လူတွေ့တိုင်းချစ်စကားအမြဲလိုက်ပြောတတ်တဲ့ငါ့ကို
နားအဟောင်းကြီးနဲ့ နားထောင်ပြီး
နှောင့်ယှက်တယ်လို့ မသတ်မှတ်လိုက်ပါနဲ့
မတွေ့ပဲပြောနိုင်မယ့် ဖုန်းနံပါတ်မှ မပေးပဲ။

အရင်က ရည်းစားများခဲ့ရတဲ့ ငါ့အချစ်ကို
အတွေးဟောင်းတွေနဲ့ တွေးပြီး
ပွေတယ်လို့ မစွပ်စွဲလိုက်ပါနဲ့
စမ်းသပ်မှုတွေပြီးမှ ကုန်ပစ္စည်းထွက်တာလေ။

ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတဲ့
ဆိုရိုးအဟောင်းကြီးကို လိုက်နာပြီး
ငါ့အပြင်တခြားလူမထားလိုက်ပါနဲ့
ဆရာဝန်ကမှာထားတာ ငါ့မှာအူတိုရောဂါရှိတယ်တဲ့။

မင်းရင်ထဲမှာ ငါရှိနေရက်နဲ့
အစဉ်အလာဟောင်းကြီးတွေ နားယောင်ပြီး
သုံးနှစ်သုံးမိုးတော့ မစောင့်ခိုင်းလိုက်ပါနဲ့
အူဝဲတောင်မှ သုံးမိနစ်ပဲစောင့် တဲ့ … wink

34 Comments:

အညာသား said...

“အဟောင်းကြီးတော့မလုပ်နဲ့.....”
ရို့ရို့.. အာဟာ အာဟာ။ :P

မွန် said...

အူဝဲတောင်မှ သုံးမိနစ်ပဲစောင့်ဆိုတော့ နာတို့ဆိုရင် ဘွတ်အဲ ဗြဲ
ဘိုလိုဖစ်လို့ အရေးအသားတွေ လန်ထွက်နေရသလဲ

သဇင်ဏီ said...

= ) =) =)
အရမ်းလန်းနေတယ် ကိုမင်းကျန်စစ်ရေ..
မိုက်တယ်ဗျ

ein said...

သူမနဲ့အဟောင်းများလား ?
သူနဲ့အဟောင်းများလားကွ ...:P
အရေးအသားတွေလန်းနေတာ တစ်ထုထုပဲနော် ...း)

ကိုတိုးလေး said...

အရမ်းလန်ပြီးတော့ အရမ်းကြီး ရမ်ပါ ဖြစ်နေတာတော့ မဟုတ်ပါဘူးနော် ကိုကျန်စစ်ရေ.............. ဟဲ..ဟဲ လာလည်သွားတယ်ဗျာနော်။ ပျော်ရွင်ပါစေဗျာ

ကိုရင်နော်ခင်လေးငယ် said...

ကိုကျန်စစ်ကြီး.. မျက်လုံးဟောင်း.. နားအဟောင်း. . စာသားလေးတွေကြိုက်တယ်.. အရေးအသားလေးတွေလန်းတယ်နော်.. မိုက်မှမိုက်.. :) အော်.. မေ့လို့.. ကြိုက်တဲ့နာမည်နဲ့ Link လို့ရပါတယ်.. :D

မီးငယ် said...

ကိုမင်းကျန်စစ်ရဲ့ကောင်မလေးကရော..
ဘယ်နှစ်မိနစ်စောင့်ခိုင်းလဲ.... :P :P

ဝဿန်ဦး said...

ဟောင်းနေရင် မော်ဒယ်မြှင့်ပေးလိုက်လေကွာ... မော်ဒယ်မြှင့်လို့မှ မရရင် ကွန်ဒိုင်းချိန်းလိုက်.... အဟီး မြှောက်ပေးခဲ့ပြီ... :D

ကြယ်စင်နတ်သမီး said...

ကြံဖတ်ပုပ်ရေ အဟောင်းကြီးတော့ မလုပ်နဲ့လေဟာ... အသစ်လေးဘာလေးလုပ်ပါကွ... ၃နှစ်၃မိုးစောင့်ပြီး ဆံပင်ဖြူသွားကျိုးဖြစ်နေဦးမယ်...

Anonymous said...

လန်းတယ်ဟေ့ လိုက်လို့မရတော့ဘူး အသစ်တွေ အသစ်တွေ
THS

sintsintmoe said...

ကောင်းလိုက်တဲ့ စာသား
မိတယ် မိုက်တယ် ရိုက်မယ်...:)

Dream said...

အဟောင်းကြီးတော့လုပ်ပါနဲ့။တော်နေကုလားဆိုင်အပို့ခံနေ
ရဦးမယ်။ :P
ရေးသားချက်ကလန်ထွက်နေတယ်။

khin oo may said...

ကိုယ်တောင် မှ ချီးကျူး မလို. အရှေ.က လူတွေ ထက် သာ အောင် မပြောတတ်တောဘူး။ သိတ် ကောင်းပါတယ်။ ကဗျာ သိတ် ကောင်း ရင် သီချင်း လို များ ဖြစ်သွား သလား။ ကိုယ် တို.ခေတ် တုံးကတော. သိတ် မိုက် တယ် လို. ပြော ကြတယ်။

Gu Gu said...

မိုက်တယ်ဗျာ... ပြောစရာ ချီးကျူးစရာ စကားလုံးတောင် ရှာမရတော့ဘူး... အူတိုရောဂါတဲ့.. ဟား ဟား...

ပေဖူးလွှာ said...

တရားကျသွားပါတယ်။ ခေါင်းပါ ယမ်းသွားပါတယ်။ သူ့ကိုပဲ ပြန်ကျေးဇူးတင်ရဦးမဲ့ သဘောမှာ ရှိနေတယ်။ ဒီလိုမျိုး ရည်းစား မခင်လေးရဲ့ ကောက်တတ်တဲ့ ရည်းစားမျိုးဆို ဝေးဝေးရှောင်မှ။ @.@

နှင်းပွင့်ဖြူလေး said...

ကျန်ကျန်တို့က တယ်ဟုတ်ပါလား
လန်းတယ်နော်
အဟောင်းက ဘယ်လောက်ဟောင်းဟောင်း အဟောင်းပဲ ဆိုပဲ :P

layma said...

စကားတွေ သိပ်တတ်နေပါလား ကျန်စစ်ရေ့ ...။
ခေတ်လူငယ်တွေများ မနိုင်ဘူးဟေ့ ။
ဟောင်းနေတဲ့ သူမကို လေးမ ဆီလွှတ်လိုက် ...
upgrade လုပ်ပေးလိုက်မယ်...။ ၃ မိနစ်ပဲစောင့် ...။
ဒါပေမယ့် စမ်းသပ်မှုတွေ ပြီးဆုံးပါပြီဆိုတဲ့ ခံဝန်ချက်တော့ ပေးရမယ်...။

ကောင်မလေး said...

လန်းလှချည်လားဗျ.. ဘယ်လိုကနေဘယ်လို စိတ်ကူးရသွားတာတုန်း.. ပဲာပဲာ.. အပောာင်းတွေလည်း ဈေးကောင်းပါတယ်ဗျ.. :P

မောင်မျိုး said...

ဟားဟား အူဝဲက ၃ မိနစ်ပဲစောင့်လို့ ပြောတာ မာမား ခေါက်ဆွဲလေ ကိုကျန်ကတော့ လုပ်ချလိုက်ပြီး မိုက်တယ်ဗျာ အစမ်းဆိုပါလားး အချစ်က စမ်းပဲစမ်းတာဟုတ် :) အစ်မ မယုံနဲ့  ဒီအစ်ကိုကြီး ပုံပြောနေတာ ( ကြုံတုန်း မြှောက်ခဲ့အုံးမယ် )

နှင်းစက်မိုး said...

ဟဟဟ...
ခိုက်တယ်ရှင့်...

ညိမ်းညို said...

သူငယ်ချင်းရေ သိပ်မိုက်တယ်ကွာ ဘယ်လိုချီးကျူးရမှန်းတောင်မသိဘူး
အားလုံးအဆင်ပြေပါစေ သူငယ်ချင်းရေ :) :)

Pan said...
This comment has been removed by the author.
အမရာ said...

လန်းတယ်ဗျာ.......
ဒါဆိုအကိုကသူမကိုထပ်ပြောလိုက်
ဦး ၃ စက္ကန့်ဘဲစောင့်လို့......

aquarius said...

အပေါ်ကလူတွေပြောတဲ့တိုင်းပဲ.. ဟီးး)

Yin Nint Pan said...
This comment has been removed by a blog administrator.
GreenGirl said...

မောင်လေးရေ... အစ်မ လာမလည်တာကြာလို့ တော်တော်လေးတောင် မျက်စိလည်သွားပြီ... အဲ...အစ်မရဲ့ အဟောင်းတွေကိုလည်း Upgrade လုပ်လိုက်ဦးမယ် :P

နွေကဗျာ said...

အူဝဲကတောင် ကြာနေဦးမယ် သုံးစက္ကန့်ပဲ စောင့်ရင်ပိုမကောင်းဘူးလား အဟက်.
ကဗျာတွေက သွက်သလားမမေးနဲ့.
မင်းကျန်စစ်တို့ သွက်လိုက်ပုံများ ပြောပြောချင်ဘူးနော် :P

ဆောင်း said...
This comment has been removed by the author.
ဆောင်း said...

http://saundoo.blogspot.com/2008/07/poem-3-seconds.html

ပို့ စ်တင်ပေးထားပါတယ်

ပန်းပုံပြင် said...

၃ မိနစ်ပဲစောင့် ဆိုတော့ တော်တော့် ကိုဥာဏ်ကောင်းတဲ့သူ ဖြစ်ရမယ်။ စဉ်းစားတွေးခေါ် တာ မြန်လိုက်ကြတာ နော်။ ခေတ်ကာလ သားသမီး တွေများ ။ ကဗျာလေး က စိတ်ကူး ကောင်းလိုက်တာ။

ကောင်းကင်ကို said...

ကဗျာလေး ကောင်းတယ် ညီလေး ရေ :D

ဝေလေး said...

လူအဟောင်းကြီးက
မျက်စိအဟောင်းကြီးနဲ့
မျက်မှန်အဟောင်းကြီးတပ်ပြီး
ပို့စ်အဟောင်းကြီးကိုလာဖတ်သွားပါတယ်...
အော်..မေ့လို့..ကွန်ပျူတာအဟောင်းကြီးသုံးပြီးတော့ပေါ့
ဟိ ဟိ..
အူဝဲကသုံးမိနစ်
ကောင်မလေးကဘယ်လောက်တဲ့လည်း...
:P

Anonymous said...

i agree with that ko minkyansit...

:D

ရွှေပန်းလေး said...

ကုန်ပစ္စည်းကခေတ်မီလွန်းတော့ စက်အဟောင်းကြီးပါထပ်ပါနေတော့ ဘယ်တော့မှလည်ဖြစ်မယ်မထင်ဘူး။ window အသစ်လိုချင်ရင်တော့ အသစ်ကိုလုံးဝ install လုပ်ခွင့်ပေးရမယ်။ ဒါမှ မဟုတ်ရင်တော့ အဲဒီစက် တစ်သက်လုံး ကောင်းကောင်းလည်တော့မှာ မဟုတ်ဘူး။ ကွန်ပြူတာကျွန်းကျင်တဲ့ မင်းကြီးအသိဆုံးနေမှာပါ။